ဤသို့ပြုရ မြတ်ပုညကို ကြီးထမြင့်ခေါင် မြင်းမိုရ်တောင်ဦး မကကြူးသား
ကျေးဇူးအရှင် မွေးမိခင်နှင့် ဖခင်တို့အား ရငြားပါစေ အမျှဝေ၏
မသွေနိစ္စ ဤကာယကို စောင့်ထပေတတ် ကိုယ်စောင့်နတ်လည်း မလပ်စေရ ပေးဝေငှ၏
မိတ္တဆွေဉာ ဆရာသမား ဘိုးဘွားကစ ယမရာဇာ ဒေဝါယက္ခ ဣန္ဒဘုမ္မာ အာကာသနတ် အထူးမှတ်၍
မပြတ်ပုည ကုသလကို ရကြပါစေ အမျှဝေ၏
သဗ္ဗေသတ္တာ သတ္တဝါဟု နာနာလောက အနန္တတွင် မပြတ်စဉ်က သတ္တာဝါသ ဘုံကိုးဝနှင့် ဝိညာဏဌိတိ တည်ရှိခုနစ်ပါး
များစွာလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ
ဝေနေယျအား အမျှကုသိုလ် ပေးဝေလို၏
ထိုကုသလ ဤပုညကို အမျှရကြသည် ဖြစ်စေသော်
ဝသုန္ဓရေ ဤမြေပံသု သိလာထုလည်း သက်သေအမှု တည်စေသော်။
(အားလုံးကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့…..သာဓု သာဓု သာဓု)