မကွေးတိုင်းဌာနီ တောင်တွင်းကြီး နဂရ ရာဇဝင် နာမ မည်တွင်ပေပင်များ တည်ရှိရာရွှေရောင်တော် တဖိတ်ဖိတ် သာသနာထွန်းနိမိတ်ဖြင့်ပန်ထွာဧကရီဘုရင်မ နန်းတည်
ဗိဿနိုး တော်ဝင်နန်း ရာဇဝင်ခန်းမှ
#ငါလာမှ_ကြီး
#လာမှ_သီးမည့်
#ပေပင်တွေ_ကြီးချိန်တန်
#သီးချိန်တန်ပြီမို့
ပြည်သူအပေါင်း မျှော်နေသူအပေါင်းတို့ စိတ်နှလုံးချမ်းမြေ့ ငြိမ်းချမ်းရေး အတိတ်နိမိတ်ဖြင့် မြေကြီးမှ ရွှေသီး ရန်ပယ်ချောင်းရေတွေ စီးလို့ တောင်သူဦးကြီးများ ပျော်မဆုံးသည့်
#လတပေါင်း_အခါကောင်းမှာ
#ပွဲတော်မဟာ
#သာမဏေရ_ပဗ္ဗဇ္ဇမင်္ဂလာ
#ဆင်ယင်ကျင်းပ
ထိုကုသလ မြတ်ပုညကိုသာဓုခေါ်ကာ ဝမ်းမြောက်စေဖို့ပျူတခေတ် အသွင်ဆန်းတော်ဝင်တဲ့ နန်းမြို့တော် ဗိဿနိုးပြည့်ရှင် ပန်ထွာဘုရင် သခင်မ ဆီသို့ ကြွလှမ်းခဲ့ပါ ဖိတ်ခေါ်ပါသည် ဆွေတော်ရှစ်သောင်း မျိုးတော်အပေါင်းတို့….
#မေတ္တာဖြင့်_တောရနံ့
14 Mar 2024 (Thursday)
#ပွဲတော်_ကျင်းပမည့်နေရာ
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊
ဗိဿနိုးမြို့၊ ရွှေရောင်တော်ဘုရားအနီး
#ပွဲတော်နေ့ရက်
#အလှူတော်မင်္ဂလာ_မဏ္ဍာပ်အဝင်နေ့
၁၃၈၅-ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၃)ရက်၊
၂၀၂၄ ဧပြီလ (၆)ရက်၊ (စနေနေ့) နံနက် (၈)နာရီ
#အလှူတော်မင်္ဂလာ_ရေစက်ချနေ့
၁၃၈၅-ခုနှစ်၊ တပေါင်းလပြည့်ကျော် (၁၄)ရက်၊
၂၀၂၄ ဧပြီလ (၇)ရက်၊ (တနင်္ဂနွေနေ့) နံနက် (၉)နာရီ