မဟာမြိုင်တောရ

အရှင်မြတ်လောင်းလျာ ဖွားမြင်လာ

အရှင်မြတ်လောင်းလျာကို ခမည်းတော် ဦးမောင်နှင့် မယ်တော် ဒေါ်ဖွားစံတို့မှ ၁၃၂၃ – ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်၊ ကြာသပတေးနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ မိုးဒေါင်ကျေးရွာ၌ ဖွားမြင်တော် မူသည်။

မြင့်မြတ်သာသနာဝင်ရောက်လာ

၁၃၃၃-ခုနှစ်၊ ကဆုန်လဆန်း (၁၄)ရက်နေ့တွင် မယ်တော်ခမည်းတော်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရေဦးမြို့နယ်၊ မိုးဒေါင်ကျောင်းဆရာတော်ကို ဉပဇ္စျာယ်ပြုလျှက် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

ရဟန်းဘဝ ဖြစ်ခွင့်ရ

၁၃၄၂-ခုနှစ်၊ တန်ခူးလဆန်း (၁၅) ရက်၊ သောကြာနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ညောင်တုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခေမိန္ဒာဘိဝံသကို ဉပဇ္စျာယ်ပြုလျှက် ရန်ကုန်မြို့ နယူးလင့်လမ်း (စကားဝါလမ်း) အမှတ်(၂၄) နေ၊ ဒေါ်မာမာ၊ သား – ဦးကျော်သန်း၊ သမီး ဒေါက်တာဒေါ်မြမြ၊ ဒေါက်တာဒေါ်လှလှ၊ မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

ထိုထိုကျောင်း ဆရာများထံမှာ ပညာရှာ

ရေဦးမြို့နယ်၊ မိုဒေါင်ရွာဦးကျောင်းတိုက်၊ လားရှိုးမြို့၊ မဟာဗောဓာရုံကျောင်းတိုက်၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ညောင်တုန်းကျောင်းတိုက်၊ အင်းစိန်မြို့နယ်၊ စွန်းလွန်းကျောင်တိုက် တို့တွင် ပညာသင်ယူခဲ့ပါသည်။

ဓမ္မာစရိယ ဘွဲ့တော်ရ

အရှင်မြတ်သည် နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပသော သာသနဓဇဓမ္မာစရိယ (၁၃၅၁-ခု)ကို ဖြေဆိုအောင်မြင်တော်မူခဲ့သည်။

သာသနာပြုတာဝန်ဆောင်ရွက်ပြန်