သဲဖြူဆရာတော်ကြီး ဗိဿနိုးနယ်မြေရှိ.. ရွှေရောင်တော်စေတီမြတ် မှာ .. ရှင် အပါး ၅၀၀၀ ရှင်ပြုအလှူမင်္ဂလာပွဲ ပြုလုပ်ရန် ..လုပ်ငန်းများ ကြည့်ရှုရင်း သီတင်းသုံးနေပါသည် ။ ဧပြီ ၆၊၇ တွင် ကျင်းပမည့် ရှင်အပါး ၅၀၀၀ ရှင်ပြုအလှုအတွက် .. သံဃာစင် ပေ ၆၀ ပေ ၁၅၀ ပြီးစီးပါပြီ။ ဗဟိုမဏ္ဍဒ် ပေ ၂၀၀ x ပေ ၉၀၀ ပြီးစီးပါပြီ။ အခမ်းအနား ပြင်ဆင်မှုပဲ ကျန်ပါသည်။ ဗဟို မဏ္ဍဒ်ပတ်ချာလည် လမ်းတလျှောက် ပန်းအိုးများ တန်းစီချထားပါသည် ။ ရေချိုးရန် ရေကန်များ နှင့် အိမ်သာ အလုံး ၂၀၀ ပြီးစီးပါပြီ။ ကိုရင်များ သီတင်းသုံးရန် မဏ္ဍဒ် ၁၄ လုံးလဲ.. အမိုးပဲ ကျန်ပါတော့တယ် .. ရာသက်ပန် စတုဒီသာအဖွဲ့၏ စားဖိုဆောင် ..ပေ ၁၀၀ x ပေ ၂၀၀ စတင် တည်ဆောက်နေပါပြီ .. ကျွန်တော် တလတည်းနဲ့ ဘယ်လိုမှ မပြီးနိုင်ဟု..ယူဆထားရာ .. ယခု ၈၀% ပြီးစီးနေပါပြီ ..နောက် ၁၀ ရက်ဆို ရှင် ၅၀၀၀ အလှုပွဲအတွက် .. ၁၀၀% အဆင်သင့် ဖြစ်နေပါပြီ။