ဆရာတော်ကြီး ဗိဿနိုးကို သွားတော့…မြေပုံပါ ပေ ၁၈၀ RC တံတားကြီး အပုံလိုက် မြေပေါ်ပြိုကျနေသော တောင်ကျချောင်း နေရာသို့ ရောက်ရှိခဲ့ပြီး..ဆရာတော်ကြီးစိတ်ထဲ အတော်မကောင်း ဖြစ်သွားပုံရမယ်။မေတ္တာတရားကြီးမားသော ဆရာတော်ကြီး ဆိုတော့..ချက်ချင်းပဲ ဒီနေရာမှာ တံတားအသစ် တစင်း ဆောက်ဖို့ပြောလာခဲ့တယ် ။ တံတားလုပ်ငန်းဆိုတာ လုပ်ဖို့မလွယ်ပါဘူး ။ ဒီ ပေ ၁၈၀ တံတား မပြောပါနဲ့ ။ ပေ ၂၀ ၃၀ လှုချင်ရင်တောင် ဟိုတင်ပြ ဒီတင်ပြရနဲ့ .. တန်ဖိုးလဲ ကြီးပါတယ် ။ ငွေကြေးတတ်နိုင်ရင်တောင် တံတားထုတ်လုပ်သူ ၊ တံတားတည်ဆောက်သူ တံတားဒီဇိုင်းက အစ ..အရေးကြီးတဲ့ အပိုင်းတွေ အများကြီးလိုပါတယ် ။ ဒါနဲ့ ဆရာတော်ကြီး ရန်ကုန် သဲဖြူကျောင်း ပြန်ရောက် ..တံတားတစင်း လိုတယ် မိန့်လိုက်တော့.. ရှေ့တည့်တည့် ငုတ်တုပ်ထိုင်နေတဲ့ သူက .. ဒီနိုင်ငံမှာ ဘေလီတံတားတွေ ထုတ်လုပ် တည်ဆောက်ရောင်းချ နေသူပါ .. ဒါမျိုး အခွင့်အရေးက ဘယ်လက်လွတ်ခံပါ့မလဲ .. တပည့်တော် ဘေလီ တံတား သံဘောင်လှုပါ့မယ်.. ဘုရားလို့ .. အားရပါးရ လျှောက်တင် .. နောက်နေ့ ဗိဿနိုးကို ချက်ချင်း ထွက်လာ..တံတားနေရာ လာကြည့်တော့ .. ပထမ ပေ ၈၀ လောက် မှန်းထားတာ .. ရောက်မှ တိုင်းကြည့်တော့ ပေ ၁၈၀ ဖြစ်နေတယ်။တန်ဖိုး ၂ ဆ ကျော် ..ပေါ့ .. ချက်ချင်း စိတ်ပြောင်းသွားမှာ စိုးလို့ .. အဲ့ဒီနေရာမှာတင် .. ငါ သည်.. ဆရာတော်ကြီး၏ တံတားအလှု .. မှာ ဤဒေသရှိ သတ္တဝါများ ကျန်းမာရေး လူမှုရေး စီးပွါးရေး..နောက်ဆုံး.. ဟိုဖက်ကမ်းကလူတွေ ဒီဖက်ကမ်းမှာ ..ရှိနေသော ရွှေရောင်တော်စေတီတော်ကို ဖူးနိုင်ဖို့.. အရေးငါ .. မရရအောင် လှုမယ်လို့ .. ကတိသစ္စာပြု ခဲ့တယ်။ ဗိဿနိုးမှ ရန်ကုန်ပြန်ရောက် ..ဆရာတော်ကြီး အား တံတား အကျိုးအကြောင်း..ရှင်းပြ လျှောက်ထား ..တပည့်တော် ဘေလီတံတား သံဘောင်များ ..သိန်း – ၂၇၅၀ ဖိုး လှုပါမည် ။ ဆရာတော်ကြီး မှ ကမ်းကပ်ခုံတုံး ရေလည်တိုင်များတည်ဆောက်ပေးပါမည် ။ တံတား.. ဆိုတာ အရမ်းအရေးကြီးပါတယ်.. တံတားဆိုတာ ပေါင်းကူးခြင်း ၊ ပေါင်းဆုံခြင်း၊ ဟိူဖက်ကမ်း နဲ့ ဒီဖက်ကမ်း ဘယ်လောက် ချစ်ချစ်တံတား မရှိရင် တွေ့ဆုံလို့ မရကြဘူးလေ .. နောက်ဆုံး ဝိပဿနာ မှာ မဂ်ဥာဏ် ဆိုတာ..နိဗ္ဗာန်ကမ်း ကို လှမ်းမြင်နိုင်သော ပေါင်းကူးတံတားလေးပါ။ဤသို့ သဲဖြူဆရာတော်ကြီး ၏ တံတား အလှုကြောင့်သတ္တဝါ အပေါင်း အဆင်ပြေ ချောမွေ့ကြပါစေ .. ထပ်တူ ကုသိုလ် အမျှရကြပါစေ ..