မဟာမြိုင်တောရ

မေတ္တာပွားရန်

မေတ္တာသုတ်လာ မေတ္တာပွားနည်း

၁။ လုံးစုံများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၂။ ကြောက်တတ်မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၃။ မြင်အပ်မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၄။ ဝေးနေ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၆။ ရှည်တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၈။ ဆူကြုံအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

အရပ်(၁၀)မျက်နှာ မေတ္တာပွားနည်း

၁။ အရှေ့အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့

ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၂။ အနောက်အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့

ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၃။ မြောက်အရပ်၌ရှိသော အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့

ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၄။ တောင်အရပ်၌ ရှိသော အနန္တ စင်္ကြာဝဠာ အနန္တ သတ္တဝါတို့

ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၅။ အရှေ့တောင်ထောင့်အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့

ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၆။ အနောက်မြောက်ထောင့်အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့

ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၇။ အရှေ့မြောက် ထောင့် အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့

ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၈။ အနောက်တောင်ထောင့် အရပ်၌ ရှိသော အနန္တစင်္ကြာဝဠာအနန္တသတ္တဝါတို့

ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၉။ အောက်အရပ်၌ ရှိသော ထက်ဝန်းကျင် အနန္တ စင်္ကြာဝဠာ အပါယ်ဘုံသား အနန္တသတ္တဝါတို့

ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

၁၀။ အထက်အရပ်၌ ရှိသော ထက်ဝန်းကျင် အနန္တ စကြာဝဠာ အနန္တနတ်ဗြဟ္မာတို့

ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ။ ဒေါသခပ်သိမ်းငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

Facebook
Twitter
LinkedIn