မဟာမြိုင်တောရ

သတင်းများ

သဲဖြူ မဟာမြိုင် ချောင်းဖျားဆရာတော်

သဲဖြူ မဟာမြိုင် ချောင်းဖျားဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတ မထေရ်မြတ် က ဆရာတော်ဘုရား၏ အန္တိမအဂ္ဂိစျာပနသာဓုကီဠနပူဇာ အတွက် နဝကမ္မအလှူငွေ…. ၁၀,၀၀၀,၀၀၀ -ကျပ် (ကျပ်သိန်း တစ်ရာ) နှင့် သင်္ကန်းဒွိစုံ အစုံ ၂၀၀ တို့ကို လှူဒါန်းပေးပါသည်။ ဆရာတော်ဘုရားသည် သက်ရှည်,ကျန်းမာ စိတ်ချမ်းသာ၍ သာသနာ့ဝန်,ခန္ဓာ့ဝန်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ ဘုရား…။

Read More »
ကြေညာချက်များ

ဗိဿနိုးတော်ဝင်နန်းမြို့တော်ဆီသို့

မကွေးတိုင်းဌာနီ တောင်တွင်းကြီး နဂရ ရာဇဝင် နာမ မည်တွင်ပေပင်များ တည်ရှိရာရွှေရောင်တော် တဖိတ်ဖိတ် သာသနာထွန်းနိမိတ်ဖြင့်ပန်ထွာဧကရီဘုရင်မ နန်းတည် ဗိဿနိုး တော်ဝင်နန်း ရာဇဝင်ခန်းမှ #ငါလာမှ_ကြီး #လာမှ_သီးမည့် #ပေပင်တွေ_ကြီးချိန်တန် #သီးချိန်တန်ပြီမို့ ပြည်သူအပေါင်း မျှော်နေသူအပေါင်းတို့ စိတ်နှလုံးချမ်းမြေ့ ငြိမ်းချမ်းရေး အတိတ်နိမိတ်ဖြင့် မြေကြီးမှ ရွှေသီး ရန်ပယ်ချောင်းရေတွေ စီးလို့ တောင်သူဦးကြီးများ ပျော်မဆုံးသည့် #လတပေါင်း_အခါကောင်းမှာ #ပွဲတော်မဟာ #သာမဏေရ_ပဗ္ဗဇ္ဇမင်္ဂလာ #ဆင်ယင်ကျင်းပ ထိုကုသလ မြတ်ပုညကိုသာဓုခေါ်ကာ ဝမ်းမြောက်စေဖို့ပျူတခေတ် အသွင်ဆန်းတော်ဝင်တဲ့ နန်းမြို့တော် ဗိဿနိုးပြည့်ရှင် ပန်ထွာဘုရင် သခင်မ ဆီသို့ ကြွလှမ်းခဲ့ပါ ဖိတ်ခေါ်ပါသည် ဆွေတော်ရှစ်သောင်း မျိုးတော်အပေါင်းတို့…. #မေတ္တာဖြင့်_တောရနံ့ 14 Mar 2024 (Thursday)

Read More »
သတင်းများ

သဲဖြူဆရာတော်ကြီး နှင့် ဗိဿနိုး တံတားအလှု

ဆရာတော်ကြီး ဗိဿနိုးကို သွားတော့…မြေပုံပါ ပေ ၁၈၀ RC တံတားကြီး အပုံလိုက် မြေပေါ်ပြိုကျနေသော တောင်ကျချောင်း နေရာသို့ ရောက်ရှိခဲ့ပြီး..ဆရာတော်ကြီးစိတ်ထဲ အတော်မကောင်း ဖြစ်သွားပုံရမယ်။မေတ္တာတရားကြီးမားသော ဆရာတော်ကြီး ဆိုတော့..ချက်ချင်းပဲ ဒီနေရာမှာ တံတားအသစ် တစင်း ဆောက်ဖို့ပြောလာခဲ့တယ် ။ တံတားလုပ်ငန်းဆိုတာ လုပ်ဖို့မလွယ်ပါဘူး ။ ဒီ ပေ ၁၈၀ တံတား မပြောပါနဲ့ ။ ပေ ၂၀ ၃၀ လှုချင်ရင်တောင် ဟိုတင်ပြ ဒီတင်ပြရနဲ့ .. တန်ဖိုးလဲ ကြီးပါတယ် ။ ငွေကြေးတတ်နိုင်ရင်တောင် တံတားထုတ်လုပ်သူ ၊ တံတားတည်ဆောက်သူ တံတားဒီဇိုင်းက အစ ..အရေးကြီးတဲ့ အပိုင်းတွေ အများကြီးလိုပါတယ် ။

Read More »
သတင်းများ

သဲဖြူဆရာတော်ကြီး ဗိဿနိုးနယ်မြေရှိ ရွှေရောင်တော်စေတီမြတ် မှာ ရှင် အပါး ၅၀၀၀ ရှင်ပြုအလှူမင်္ဂလာပွဲ ပြုလုပ်ရန်

သဲဖြူဆရာတော်ကြီး ဗိဿနိုးနယ်မြေရှိ.. ရွှေရောင်တော်စေတီမြတ် မှာ .. ရှင် အပါး ၅၀၀၀ ရှင်ပြုအလှူမင်္ဂလာပွဲ ပြုလုပ်ရန် ..လုပ်ငန်းများ ကြည့်ရှုရင်း သီတင်းသုံးနေပါသည် ။ ဧပြီ ၆၊၇ တွင် ကျင်းပမည့် ရှင်အပါး ၅၀၀၀ ရှင်ပြုအလှုအတွက် .. သံဃာစင် ပေ ၆၀ ပေ ၁၅၀ ပြီးစီးပါပြီ။ ဗဟိုမဏ္ဍဒ် ပေ ၂၀၀ x ပေ ၉၀၀ ပြီးစီးပါပြီ။ အခမ်းအနား ပြင်ဆင်မှုပဲ ကျန်ပါသည်။ ဗဟို မဏ္ဍဒ်ပတ်ချာလည် လမ်းတလျှောက် ပန်းအိုးများ တန်းစီချထားပါသည် ။ ရေချိုးရန် ရေကန်များ နှင့် အိမ်သာ အလုံး ၂၀၀

Read More »